သတင်းများ

ပုဏ္ဏားကျွန်းမြို့နယ် မုန်တိုင်းသင့် ပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိ
Sep 07,2023
မြန်မာနိုင်ငံဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်းမှ မုန်တိုင်းသင့် ပြည်သူများ စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာ၊ အလယ်ပိုင်းရပ်ကွက်တွင် ယမန်နေ့၊ ညနေ(၄) နာရီက စားအုံးဆီများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့သည်။
ပျော်ဘွယ်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Sep 07,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ လူငယ်လူရွယ်များ  အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် လူငယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ(၇)ရက်၊ နံနက်(၉)နာရီခွဲက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျိုင်းလပ်မြို့၌ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာ‌စောင်များ သွားရောက်ငှားရမ်းပေး
Sep 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းခြင်း ဆောင်ရွက်ခဲ့သည်။
ဘားအံမြို့တွင်  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်
Sep 07,2023
ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး၊  အသိပညာ ဗဟုသုတ တိုးပွားစေရေး၊ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဘားအံမြို့၊ အခြေခံပညာအထက်တန်းကျောင်း (စက်ရုံ)နှင့် အခြေခံပညာအထက်တန်း ကျောင်း(လှာကာ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်အတွင်းရှိ ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (သုည ဒသမ ငါးပေခန့်) ရေကျော်ကျလျက်ရှိ
Sep 07,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်  စက်တင်ဘာလဆန်းပိုင်းမှစတင်၍  ဆည်၏ အထက်ပိုင်း၌ မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (သုည ဒသမ ငါးပေခန့်) ရေကျော်ကျမှုရှိလာကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပိုင်ကျုံမြို့ မိုးနိုင်ကျေးရွာအုပ်စုအတွင်းရှိ (MCCT) အကျိုးခံစားခွင့်ရှိသူ ၉၄ ဦးအား ထောက်ပံ့ငွေများ လိုက်လံထောက်ပံ့ပေးအပ်
Sep 07,2023
 ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ်များအတွက် (MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က  ကျေးရွာ အုပ်စုအတွင်းရှိ တာဝန်ရှိသူများက လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ခရိုင်အဆင့် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 07,2023
(၂၄) ကြမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ခရိုင်အဆင့်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီအချိန်က လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
လောင်းလုံးမြို့၌ အသက်မွေးဝမ်းကျောင်းပြု အမျိုးသမီး အပ်ချုပ်စက် (၂) လ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Sep 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၌ ကျေးလက်နေပြည်သူများအား ကိုယ်ပိုင်ဝင်ငွေ ရရှိရေးဖြင့် မိသားစုအတွက် အထောက်အကူပြု နိုင်ရေးအတွက်  ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲ အချိန်ကကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီး အပ်ချုပ်စက် (၂)လ သင်တန်းဆင်းပွဲ ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။