ဘိုကလေး စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့ ရောက်ရှိလာခဲ့ပြီး အဆိုပါ သင်တန်းကျောင်းခန်းမတွင် သင်တန်းကျောင်း ကျောင်းအုပ် ဦးနိုင်းလိန်းဟုန်းနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများနင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က သင်တန်းကျောင်း ဝန်ထမ်းများနှင့် သင်တန်းသား/သူများအား ဆုံးမဩဝါဒစကား ပြောကြားပြီး ဝန်ထမ်း(၁၃)ဦး အတွက် တစ်ဦးလျှင်(၂၀၀၀၀)ကျပ်နှုန်းဖြင့် (၂၆၀၀၀၀)ကျပ်၊ သင်တန်းသား/သူ (၁၃၁)ဦးအတွက် တစ်ဦးလျှင်(၂၀၀၀)ကျပ်နှုန်းဖြင့် (၂၆၂၀၀၀)ကျပ်၊ စုစုပေါင်း(၅၂၂၀၀၀)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် ကျောင်းဝန်းအတွင်း ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့် အတူ လှည့်လည်ကြည်ရှုစစ်ဆေးကာ သင်တန်းကျောင်း၏ လိုအပ် ချက်များအား တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)