မက်မန်း စက်တင်ဘာ ၇
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်မှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မက်မန်းမြို့ အခြေခံပညာအထက်တန်းတို့ ပူးပေါင်း၍ လူငယ်နှင့်ပညာစကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မက်မန်းမြို့၊အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မက်မန်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲသည်။ လူငယ်နှင့်ပညာ စကားဝိုင်းတွင် Grade -11 မှ ကျောင်းသား မောင်ယေရမိက ပညာ၏ စကားလုံးအဓိပ္ပာယ်ကို ဦးစွာ ရှင်းလင်းဆွေးနွေးခြင်း၊ မအီခွယ်ကလူငယ်များအနေဖြင့် ဘာကြောင့်ပညာကို သင့်ယူသင့်သည့်အကြောင်းကို ဆွေးနွေးခြင်း၊ မအီရှဲလ်လာက ပညာရှာသောအချိန်တွင် ဆောင်ရွက်သင့်သည့်အကြောင်းများကို ဆွေးနွေးခြင်း၊ မနာသော့က (၂၁)ရာစု၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးမှုအကြောင်းကို ဆွေးနွေးခြင်း၊ မဒီးစိန်က ပညာတတ်လူငယ်များအနဖြင့် နိုင်ငံတော်ကို အကျိုးပြုနိုင်မည့် အကြောင်းအရာများကို ဆွေးနွေးခြင်း၊ မခင်မာချိုက ပညာမတတ်သူများအနေဖြင့် တွေ့ကြုံရမည့် အခက်အခဲများကို ဆွေးနွေးခြင်းနှင့် မရှဲစာမွှေးက ပညာဖြင့် မိမိပတ်ဝန်းကျင်းကို ကောင်မွန်အောင် တည်ဆောက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။ အဆိုပါ လူငယ်နှင့်ပညာစကားဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူ (၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)