၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက် မည့် Safe City Project လုပ်ငန်းနှင့် စပ်လျဉ်း၍ Consultant Team ခေါ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၇

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် Safe City Project လုပ်ငန်းနှင့် ပတ်သက်၍ အကြံပေး/ အရည် အသွေးစစ်ဆေးရေးအဖွဲ့ (Consultant Team) ခေါ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး အတွက် Safe City Project ကို မြို့နယ်ပေါင်း ၁၈ မြို့နယ်တွင် အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ Safe City Project သည် နည်းပညာဖြင့် ပြည်သူအကျိုးဖြစ်ထွန်းစေရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် Safe City Project လုပ်ငန်းနှင့် ပတ်သက်၍ ပြည်နယ် အစိုးရ အဖွဲ့ထံ အဆိုပြုလျှောက်လွှာ တင်သွင်းလာသည့် ကုမ္ပဏီသုံးခုမှ တာဝန်ရှိသူများက လုပ်ငန်း စီမံကိန်း များနှင့် စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကို သက်ဆိုင် ရာကုမ္ပဏီများအလိုက် ရှင်းလင်းတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ပြည်နယ်ပြန်/ဆက်