ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၇
စာပေဖတ်ရှု့လိုစိတ်မြင့်မားလာစေရန်၊ စာအုပ်စာပေဖတ်ရှု့ပြီး အသင်းအဖွဲ့များဖြင့် ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စာရေးဆရာမ ပေါက်ပေါက်ရေးသားသည့် ‘’ကင်ဆာဘေးဝေးကြစေ’’ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးချစ်မုန်းငြိမ်းက အပိုင်း (၁) မှ ‘’ကင်ဆာရောဂါအမျိုးအစားများ’’ကိုလည်းကောင်း၊ စာရေးဆရာမ မိလူသွေးက “ကင်ဆာရောဂါလက္ခဏာများ’’ ကိုလည်းကောင်း၊ ဒေါ်နွယ်နီအောင်က‘’ ရှောင်ရန်အစားအစားများ’’ ကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရုံးအနေဖြင့် အသိပညာပေးလုပ်ငန်းများဖြစ်သည့် Talk Show များ၊ စာဖတ်ဝိုင်းများကို (Book Club) ၊(Women Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးမဥ္ဇူ