မြေပုံမြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေး

မြေပုံ စက်တင်ဘာ ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း မရှိစေရေးအတွက် မြို့နယ်အခြေခံစာသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီက ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များ၊ အသား/ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဆန်ဆိုင်များ၊ ဆေးဆိုင်များနှင့်ဆောက်လုပ်ရေးသုံး ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည်။

မြို့နယ်အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတို့ ပူးပေါင်း၍ အခြေခံစားသောက်ကုန် ကုန်စုံဆိုင်မျာ၊ အသား/ငါးနှင့် ဟင်းသီးဟင်းရွက်ဆိုင်များ၊ ဆန်ဆိုင်များသို့သွားရောက်၍ တာဝန်ရှိသူများအား မိမိမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကိုအကြောင်းပြု၍ အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများအား ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်းမရှိစေရေး၊ သက်တန်းလွန်နေ သောစားသောက်ကုန်များနှင့် ဆေးဝါးများရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြကြောင်း သိရှိရသည်။

တင်ဝင်း