နွားထိုးကြီး စက်တင်ဘာ ၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ နေထိုင်သောမိဘပြည်သူများ စားသုံးဆီကိုဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ စီမံဆောင်ရွက်သည့် စီစဉ်မှု၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးသန်းအေးနှင့်အဖွဲ့သည် စားသုံးဆီများကို မိဘပြည်သူများလက်ဝယ်သို့ သက်သာသောဈေးနှုန်ထားတို့ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစတင်၍ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဦးဖိုးဆန်၊ဆီအရောင်းဆိုင်၌ ဆီ(၁)ပိဿာကို ငွေကျပ် ၄၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။
စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် လူ(၁)ဦးလျှင် ဆီ(၅၀)သားနှုန်းဖြင့် ယနေ့တွင် ဆီပိဿာချိန် (၁၁၀)ကို မိဘပြည်သူများ၏ လက်ဝယ်သို့အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်