တောင်သာ စက်တင်ဘာ ၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က စာပေမြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာ ရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ(ကောင်သာ)မြန်မာပြန် ရေးသားသော အတိုင်းအတာကိုကျော်လွန်၍ စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ရာ အခန်း(၂)လူမှုရေးအရင်းအနှီးအခန်းအား ဆွေးနွေးကြရာတွင် ယုံကြည်ရမှု၊ ဗဟု သုတ၊ အပြန်အလှန်ကူညီပေးမှု၊ ခံစားချက်တွေဝေမျှခြင်းတို့စုံနေတာဟာ ဘဝရဲ့ အရည်အသွေး ဖန်တီးတာနဲ့ အုပ်စုကို ပိုကောင်းစွာ ခပ်မြန်မြန် နာလန်ထူနိုင်စေခြင်းဟာ လူမှုရေး အရင်းအနှီးကြောင့် ဖြစ်ကြောင်း၊ အဆောက်အအုံတွေ ကြီးမားခိုင်ခန့်အောင် အုတ်ခဲတွေပဲ စီလို့ မဖြစ်ပဲ ဒီအုတ်ခဲတွေရဲ့ကြား ဘိလပ်မြေတွေနဲ့ မံထားခြင်းကြောင့် ဘိလပ်မြေအင်္ဂတေဆိုတာ လူမှုရေးအရင်းအနှီးဖြစ်ကြောင်း၊ အပြန်အလှန်အားထားရမူက ချိတ်ဆက်မူ အာရုံအောက်မှာ လဲလျောင်းနေရင်း ယုံကြည်မူကို ဆောက်လုပ်နိုင်ကြောင်း၊ နှောင်ဖွဲ့မူတွေ တည်ဆောက်လိုက်တဲ့အတွက် ပိုကောင်းတဲ့ အယူအဆနဲ့ ဆုံးဖြတ်ချက်တွေရှာရာမှာ အတူတကွအလုပ်လုပ်ချင် စိတ်တွေဖြစ်အောင် ကူညီပေးကြောင်းစသည်ဖြင့် အသီးသီးအပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)