ငါးသိုင်းချောင်း စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အောက်တိုဘာလ(၁)ရက်နေ့၌ ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် (၉)နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ အနန္ဒဂုဏလောကမာရစိန် စေတီတော်မြတ်ဝန်းကျင်တွင် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အနန္ဒဂုဏလောကမာရစိန် ဘုရားစေတီတော်မြတ် ရင်ပြင်နှင့် ဝန်းကျင်သန့်ရှင်း ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြည်မြို့နယ် မြို့နယ်မှူး ရဲမှူး အောင်ကိုကို ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ ငါးသိုင်းမြို့ ခေတ္တစခန်းမှူး ဒုရဲအုပ်မြင့်နိုင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင် မိသားစုများ၊ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ဘုရား ဂေါပကအဖွဲ့များ ပူးပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)