ကျောက်တော်မြို့နယ် မုန်တိုင်းသင့်ပြည်သူများအား စားအုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ကျောက်တော် စက်တင်ဘာ ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မုန်တိုင်းသင့်ပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့နံနက် ၉ နာရီအချိန်က စားအုံးဆီများ သက်သာသောဈေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။

ထိုသို့ စားအုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် လာရောက်ရောင်းချရာတွင် ကျောက်တော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ရွှေ ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုံးဆီများကို ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၇၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စုတစ်စုလျှင်  တစ်ပိဿာနှုန်းဖြင့် စားအုံးဆီပိဿာ ၈၅၀ ပိဿာကို လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း