ပျဉ်းမနား စက်တင်ဘာ ၇
နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၌ ဆောင်ရွက်ပေးခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရွှေချီရပ်ကွက်အတွင်းရှိ ပြည်သူများအား ဆီတစ်ပိသာလျှင် ငွေ(၄၅၀၀)ကျပ်နှုန်းဖြင့် စားသုံးများရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)