မုံရွာတက္ကသိုလ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော် တတိယ‌နေ့ ဆက်လက်ကျင်းပ

မုံရွာ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) အဖြစ် သတ်မှတ်၍ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ဘက်စုံဖွံဖြိုးရေးအတွက် ရည်ရွယ်ပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်ကို စက်တင်ဘာ(၄)ရက်နေ့မှ စတင်ပြီး အဆိုပါ တက္ကသိုလ် ဘွဲနှင်းသဘင်းခန်းမရှေ့၌ ကျင်းပပြုလုပ်ပေးလျက်ရှိရာ တတိယနေ့တွင်လည်း ဂီတဆည်းဆာ ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ  ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မုံရွာတက္ကသိုလ် ဂီတဆည်းဆာ ပြိုင်ပွဲတွင် အဆိုရှင်၊ အကရှင်များဖြစ်သော  ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ကြိုက်သီဆိုကပြ ပါဝင်ဝင်ယှဥ်ပြိုင်မှုတို့အား  မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ကြီး ဒေါက်တာ အောင်ကျော်သင်နှင့် အတူ အမှတ်ပေးဒိုင်အဖွဲ့များ၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးကြီးများနှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်းအင်အား (၁၇၀၀) ကျော်တို့က ကြည့်ရှုအားပေးခဲ့ကြပြီး  ပြိုင်ပွဲအလိုက် ထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား မုံရွာတက္ကသိုလ် ပါမေက္ခ ချုပ်ကြီး ဒေါက်တာအောင်ကျော်သင်က ဆုများအသီးသီးပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)