မဟာအောင်မြေ စက်တင်ဘာ ၇
ဆည်တော်ကြီးရေလှောင်တမံသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြသာစံခရိုင်အတွင်းရှီ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ်များအတွင်း နွေစပါး၊မိုးစပါးနှင့်အခြားသီးနှံများကို စိုက်ပျိုးပေးဝေလျက်ရှိသည့်အပြင် လျှပ်စစ်ထုတ်လုပ်မှုအတွက်လည်း ဆောင် ရွက်ပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး၊ လက်ထောက်ညွှန်ကြားရးမှုရုံး၊ ဆည်မြာင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အဆိုပါရေလှောင်တမံသည် နှစ်စဉ်စိုက်ပျိုးရေများပေးဝေလျှက်ရှိသည့်အပြင် လျှပ်စစ်ထုတ်လုပ်မှုအတွက် ၁၂ဒသမ၅မဂ္ဂါဝပ်စွမ်းအားရှီသော Generator(၂)လုံးဖြင့် နှစ်စဉ်ပျမ်းမျှကီလိုဝပ် နာရီသန်းပေါင်း (၁၁၀)သန်းခန့် ထုတ်လွတ်နေသည့် ဘက်စုံရေလှောင်တမံတစ်ခုအဖြစ် ဆောင်ရွက်ပေးနေကြောင်း၊ ယင်းဆည်တော်ကြီး ရေလှောင်တမံမှ၂၀၂၂-၂၀၂၃ခုနှစ်တွင်နွေစပါး (၆၉၃၂၇) ဧကနှင့်အခြားသီးနှံ ၄၁၄၀ ဧကစုစုပေါင်း ၇၃၄၆၇ ဧကကို စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိူင်ခဲ့ပြီး ယခုနှစ်၂၀၂၃-၂၀၂၄ခုနှစ်မိုးရာသီတွင်မိုးစပါးနှင့် အခြားသီးနှံများကိုတောင်သူများ အောင်မြင်ဖြစ်ထွန်းသည့် သီးနှံကောင်းများ ရရှိနိူင်ရန်အတွက် ရေပေးဝေမည့်အစီအစဉ်၊ ရေလှည့် ဇယားများဖြင့် ဇွန်လ ၁၅ ရက်နေ့မှ စတင်ပေးဝေခဲ့ရာ မိုးစပါးလျှာထား စိုက်ပျိုးမှု ၇၅၆၆၀ ဧကရှိသည့်အနက် ယနေ့ချိန်အထိ (၇၃၅၇၁)ဧကစိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း လျာထားဧက အားလုံးစိုက်ပျိုးရေလုံလောက်စွာပေးဝေနိူင်ရေးအတွက် ရေလှောင်တမံ၌ ရေလုံလောက်စွာ သိုလှောင်ထားရှိပြီးဖြစ်ကြောင်း ဌာနမှသိရသည်။
"ဆည်တော်ကြီး ရေလှောင်တမံကိုတောင်သူများအတွက် စိုက်ပျိုးရေပေးဝေနိူင်အောင် ရေများသိုလှောင်ထားရှိပြီး ဖြစ်ပါတယ်၊ ရေလှောင်တမံရဲ့ကန်ရေပြည့်အမှတ်မှာ ၄၁၉ဒသမ၅ပေ၊ ကန်ရေ ပြည့်ရေလှောင်ပမာဏဧကပေ ၃ဒသမ၁၉သိန်းကိုတမံရဲ့ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သိုလှာင်ထားရှိပြီးဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ကန်ရေပြည့်ရေလှောင်ပမာဏပြည့်မီအောင် သိုလှောင်သွားမှာဖြစ်ပါတယ်" ဟု ဌာနတာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။
အယ်နီညိုရာသီဥတုဖြစ်စဉ်များကြောင့် တွေ့ကြုံခံစားရမည့်အခြေအနေများကို ကြိုတင်စီမံ ဆောင်ရွက်သည့်အနေဖြင့် ဆည်ရေသောက်တောင်သူများပါဝင်သည့် ရေအသုံးချသူများအဖွဲ့ WUG များကို ရေအလအလွင့်အနည်းပါးဆုံးဖြင့် စိုက်ပျိုးရေကို စနစ်တကျသုံးစွဲတတ် စေရန်နှင့် WUG အဖွဲ့များ၏ တာဝန်ဝတ္တရားများကိုလည်း နားလည်သဘောပါက်စေရန် အသိပညာပေး ဆွေးနွေးခြင်းများကို အဆိုပါဌာနရှိတာဝန်ရှိသူများမှ ဦးဆောင်၍ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း