မိုင်းယန်းမြို့၌ လူငယ်ရေးရာအသိပညာပေးနယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသ

မိုင်းယန်း စက်တင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရေးရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၉ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား/ကျောင်းသူများအား စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဉပမာ၊ သာဓကများဖြင့် အကျယ်တဝင့် ရှင်းလင်း ဟောပြောသည်။ ထို့နောက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကိုပြသရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး