သတင်းများ

မော်လိုက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနက ကြီးမှူးကျင်းပသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က အလက(ခွဲ) တပ်နယ်ကျောင်း၌ ကျင်းပပြုလုပ်သည်။
လားရှိုးပညာရေးဒီဂရီကောလိပ်တွင် ကျင်းပသည့် လူငယ်သီတင်းပတ်တွင် စာပေဗိမာန်ထုတ် စာအုပ်စာစောင်များ ရောင်းချ
Sep 08,2023
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်မှ စီစဉ်ကျင်းပသည့် လူငယ်သီတင်းပတ်တွင် စာအုပ်ဈေးရောင်းပွဲအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ  စာပေဗိမာန်ထုတ်စာအုပ်များကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့၌ အားကစားနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Sep 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အားကစားနှင့် ကာယပညာဝန်ကြီးဌာနက ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိ ပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က အလက (ခွဲ) တပ်နယ်ကျောင်း၌ ကျင်းပပြုလုပ်သည်။
ကလေးဝမြို့တွင် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့၌ ကျရောက်သော (International Day of Clean Air for Blue Skies) အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရာဇာဝင်းနှင့် ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။
မိုင်းကိုင်မြို့နယ်၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြိုင်ပွဲ၊ ဆုပေးပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
Sep 08,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန်၊ စာပေ၏တန်ဖိုးကို သိရှိနားလည်တတ်စေရန် ရည်ရွယ်၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြိုင်ပွဲ၊ ဆုပေးပွဲနှင့် စာအုပ်ပြပွဲကို ယမန်‌နေ့ နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။
မတ္တရာမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Sep 08,2023
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြိုင်ပွဲများ ဆောင်ရွက်
Sep 08,2023
ကရင်ပြည်နယ် ၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ကာယ၊ ဉာဏ စွမ်းရည်တိုးတက်စေရန်အတွက် စက်တင်ဘာလ ၈ ရက်တွင် ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့သည်။
ရေဦးမြို့တွင် မြို့နယ်အဆင့် ပန်းချီဆွဲပြိုင်ပွဲကျင်းပ
Sep 08,2023
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် အခြေခံပညာဦးစီးဌာနက စီစဉ် ကျင်းပသော အခြေခံပညာ မူလတန်း အလယ်တန်း အဆင့် ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ရေးဆွဲခဲ့ကြသည်။