လှိုင်းဘွဲ စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်မှုရှိစေရေး တို့အတွက် လှိုင်းဘွဲမြို့(ဃ)ရပ်ကွက် ကုန်သည်လမ်း၌ ရေမြောင်းဖုံးပါ အုတ်စီရေမြောင်း ပလက်ဖောင်းပြုလုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အုတ်စီရေမြောင်း ပြုလုပ်ပေးခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ(၂၄ ဒဿမ ၉၈၀)ကျပ်သန်းဖြင့် လှိုင်းဘွဲမြို့ပေါ် (ခ)ရပ်ကွက် အာဇာနည်လမ်းထိပ်မှ ကုန်သည်လမ်းမကြီး တံတားထိပ်အထိ အကျယ်(၂)ပေ၊ အနက်(၃ပေ)၊ အရှည် (၄၀၀)ပေရှိ ရေမြောင်းဖုံးပါ အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်အတွင်း သန့်ရှင်းသာယာလှပရေး၊ မြို့အင်္ဂါရပ်နှင့်အညီ ရှိစေရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)