အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး တပ်မတော်အရာရှိကြီးများနှင့် မိသားစုဝင်များ မိုးရာသီစုပေါင်းသစ်ပင်စိုက်
Sep 08,2023
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်၊ သစ်တောသစ်ပင်ကျေးဇူးရှင် စိုက်ပျိုးထာဝစဥ်၊ ပြည်ခွင်သာယာဖွံ့ဖြိုးရေး သစ်တောဖြည့်ဆည်းပေး" ဆိုသည့်အတိုင်း နိုင်ငံတဝန်းတွင် သစ်ပင်များစိုက်ပျိုးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များက ယမန်နေ့နံနက်ပိုင်းတွင် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။