စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတက်ရောက်

မုံရွာ စက်တင်ဘာ

ချင်းတွင်းမြစ်အတွင်း ငါးသယံဇာတပေါကြွယ်ဝစေရေး၊ ပြည်သူများငါးစားသုံမှုဖူလုံစေရေးနှင့် ငါးမျိုးစိတ်များ ရှင်သန်ပေါများစေရေးတို့အတွက် ရည်ရွယ်၍ စက်တင်ဘာလ ရက်နေ့၊ နံနက်ပိုင်းတွင် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ စုမျိုးသွယ်က ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့် တာဝန်ရှိသူများက ငါးမြစ်ချင်း ငါးသား ပေါက်ကောင်ရေ - သိန်းနှင့် ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ - သိန်း၊ စုစုပေါင်း ကောင်ရေ သိန်းအား ချင်းတွင်းမြစ်အတွင်း စိုက်ထည့်ပေးခဲ့ကြပြီး ယခုနှစ်မိုးရာသီတွင် တိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ - ၄၂၅၀၀၀ (လေးသိန်းနှစ်သောင်းငါးထောင်)ကောင်နှင့် ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက် ကောင်ရေ - ၄၅၀၀၀၀ (လေးသိန်းငါးသောင်း)ကောင်၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ - ၈၇၅၀၀၀ (ရှစ်သိန်းခုနှစ်သောင်းငါးထောင်)ကောင်အား စိုက်ထည့်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။

တိုင်းဒေသကြီး ပြန်/ဆက်