ရွှေပြည်သာ စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ၊ ကျောင်းသား/ သူများ ဗဟုသုတများတိုးပွားစေရ၊ နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန CommunityCentre ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည် ဆက်လက်၍ စာရေးဆရာဆရာမှူး ကျော်ပန်းတနော်က တို့ကျောင်းသားခေါင်းစဉ်ဖြင့် လည်းကောင်း စာရေးဆရာမြင်းခြံကျော်အောင်ကဗလ (၅) တန်အားမာန် (၅) ရပ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမှူးခင် (ရွှေပြည်သာ) က လက်ရည်တပြင်တည်းခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲသို့ အမှတ် (၁၅) အခြေခံပညာမူတန်းကျောင်း ကျောင်အုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။
နေမျိုးထွန်း (ရွှေပြည်သာ)