မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာအသိပညာပေးဟောပြော

မြဝတီ စက်တင်ဘာ ၈

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာသင်ကြားသင်ယူအပြင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့်  လူငယ်များ၏  စွမ်းဆောင်ရည် အတွေးအခေါ်အယူအဆ မြင့်မားစေရန် ရည်ရွယ်ချက်တို့ဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍  ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ရေပူ)နှင့် အခြေခံပညာ အထက်တန်းကျောင်း (ဝါးတော)တို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ကျောင်းသား၊ ကျောင်းသူလူငယ်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် လူငယ်နှင့်ရည်မှန်းချက်၊   လူငယ်နှင့်စာရိတ္ထ၊    လူငယ်နှင့်ကျန်းမာရေး  ခေါင်စဉ်များကို  ထည့်သွင်းဆွေးနွေးပေးပြီး   ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး   ဦးရန်နိုင်ထွန်းက    ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဇီဝဖြစ်စဉ်ပြောင်းလဲမှုများအကြောင်းနှင့် ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ချရေးတို့ကို ကျောင်းသား၊  ကျောင်းသူများ သိရှိနားလည်စေရန် ပရိုဂျက်တာဖြင့် ရှင်းလင်းပေးပြီး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက   ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို  စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)