လားရှိုးမြို့တွင် တောင်ယာထွက် သခွားသီးများ ဈေးကောင်းရ

လားရှိုး စက်တင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးတစ်ဝိုက်ရှိ တောင်ယာများတွင် စိုက်ပျိုးဖြစ်ထွန်းသည့် တောင်ယာသခွားသီးများ ဈေးကွက်အတွင်း ရောင်းအားကောင်းနေပြီး ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

သခွားသီများကို လားရှိုးမြို့ရှိ ဈေးများနှင့် တစ်ပိုင်တစ်နိုင် ဈေးများတွင် ရောင်းချလေ့ရှိကြပြီး သခွားသီး တစ်လုံးလျှင်  ၄၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ ဈေးရှိကြောင်း သိရသည်။

 “သခွားသီးတစ်လုံးကို ခြောက်ထောင်ကျပ်ထိ ဈေးရှိတယ်။ တောင်ယာသခွားသီးပေါ့။ သူ့ကို သုပ်စားတယ်။ တို့စားတယ်။ တချို့သခွားသီးကို ဒီအတိုင်းစားသုံးကြတယ်။ ဒီတစ်နှစ်တော့ သခွားသီးဈေးက အရင်နှစ်တွေထက် ဈေးကောင်းတယ်” ဟု တောင်ယာစိုက်ပျိုးသူတစ်ဦးက ဆိုသည်။

တောင်ယာသခွားသီးသည် ကစီဓါတ်၊ အသားဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ပမဂ္ဂနီဆီယမ်ဓါတ်၊ ပိုတက်စီယမ်ဓါတ် ကြွယ်ဝပြီး ကယ်လိုရီနှင့် အဆီဓါတ်နည်းပါးခြင်းကြောင့် ကိုယ်အလေးချိန်မတက်စေသကဲ့သို့ ရေဓါတ်ပမာဏများပြားခြင်းကြောင့် အသားအရည်စိုပြေစေကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)