သတင်းများ

လားရှိုးမြို့၊ တာပုံကျောင်းတိုက်တွင် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်
Sep 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် တာပုံကျောင်းတိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ် (၁၀) စစ်မြေပြင်ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
သံတောင်ကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေလွဲ ပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Sep 08,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွဲ ပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး တပ်မတော်အရာရှိကြီးများနှင့် မိသားစုဝင်များ မိုးရာသီစုပေါင်းသစ်ပင်စိုက်
Sep 08,2023
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်၊ သစ်တောသစ်ပင်ကျေးဇူးရှင် စိုက်ပျိုးထာဝစဥ်၊ ပြည်ခွင်သာယာဖွံ့ဖြိုးရေး သစ်တောဖြည့်ဆည်းပေး" ဆိုသည့်အတိုင်း နိုင်ငံတဝန်းတွင် သစ်ပင်များစိုက်ပျိုးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များက ယမန်နေ့နံနက်ပိုင်းတွင် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မန္တလာတက္ကသိုလ်၏ လူငယ်သီတင်းပတ်ပွဲတော် ပိတ်ပွဲ အခမ်းအနား ကျင်းပ
Sep 08,2023
၂၀၂၃ ခုနှစ် စက်တင်ဘာလ(၄)ရက်မှ (၈)ရက်နေ့အထိ မန္တလာတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော် ပိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် မန္တလာတက္ကသိုလ် ဘွဲ့နှင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
မလှိုင်မြို့၌ လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်း စံနှုန်း (SOP) ရေးဆွဲရေး ဆွေးနွေး
Sep 08,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် လယ်ယာမြေကို အခြားနည်း သုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောက်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(Standard Operating Procedure–SOP) ရေးဆွဲပြုစုရေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်
Sep 08,2023
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်းအား အောင်နိုင် ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ သည်။
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၉:၃၀) နာရီက အ-ထ-ကကျောင်း ပညာရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သထုံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းပြုလုပ်
Sep 08,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယမန့်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သထုံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။