ကလေးဝမြို့တွင် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကလေးဝ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့၌ ကျရောက်သော (International Day of Clean Air for Blue Skies) အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရာဇာဝင်းနှင့် ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် လေထုညစ်ညမ်းမှုကို ထိန်းချုပ်ခြင်း၊ လေထု ညစ်ညမ်းမှု လျှော့ချနိုင်သည့် နည်းလမ်းများ၊ လေထုညစ်ညမ်းမှု ဖြစ်စေနိုင်သော အကြောင်း အရင်းများ၊ ဝန်းကျင်လေထုညစ်ညမ်းမှုကို လျှော့ချနိုင်သည့် နည်းလမ်းများ၊ အိမ်တွင်းလေထု ညစ်ညမ်းမှုကို ကာကွယ်ရန်၊ လေထုညစ်ညမ်းမှုဆိုင်ရာ အချက်အလက်များ၊ လေထုအရည် အသွေး တိုင်းတာခြင်း၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ဆိုးကျိုး များ စသည့်အချက်များ ပါဝင်ခဲ့သည်။

ယင်းလက်ကမ်းစာစောင်များကို "Together For Clean Air" (လေထုသန့်ရှင်းဖို့ လက်တွဲ ပူးပေါင်းဆောင်ရွက်စို့) ဆောင်ပုဒ်နှင့် အညီ စက်လှေဆိပ်၊ ကားဂိတ်၊ သုံးဘီးဂိတ်၊ မြို့မစျေးနှင့် လမ်းဘေးစျေးဆိုင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်