မော်လိုက် စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အားကစားနှင့် ကာယပညာဝန်ကြီးဌာနက ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိ ပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အလက (ခွဲ) တပ်နယ်ကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် အားကစားနှင့် ကာယပညာဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းထိန်က အားကစား၏အဓိပ္ပာယ်နှင့် အားကစားလုပ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီးထံသို့ ခရိုင်အားကစားမှူးက အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ခရိုင်အားကစားမှူးနှင့် ဝန်ထမ်းများ၊ ပြန်/ဆက်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)