ရေဦးမြို့တွင် မြို့နယ်အဆင့် ပန်းချီဆွဲပြိုင်ပွဲကျင်းပ

ရေဦး စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် အခြေခံပညာဦးစီးဌာနက စီစဉ် ကျင်းပသော အခြေခံပညာ မူလတန်း အလယ်တန်း အဆင့် ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ရေးဆွဲခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် “ရာသီဥတုပြောင်းလဲမှုလျှော့ချဖို့ အိုဇုန်းလွှာထိန်းသိမ်းစို့” ခေါင်းစဉ်နှင့်အညီ စိတ်ကူးပုံဖော်ရေးဆွဲကာ ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ရေးဆွဲကြရမည့် ပန်းချီပုံအရွယ်အစားမှာ အလျား ၂၄ ပေ၊ အနံ ၁၇ ပေဖြစ်ကြောင်း၊ မြို့ပေါ် အ.ထ.က နှစ်ကျောင်းပဲ ယှဉ်ပြိုင်ကြရမည် ဖြစ်ပြီး မြို့နယ်အဆင့် ရွေးချယ်ခြင်းခံရသူ ကျောင်းသားများအနေဖြင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲသို့ ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်‌ ကျောင်းသားကလေးများ၏ အတွေးအခေါ် စိတ်ကူးစိတ်သမ်းဖြင့် အိုဇုန်းလွှာကို ဘယ်လိုကာကွယ်ရမည်လဲဆိုတာ အသိနဲ့ ဉာဏ်ရည် ဉာဏ်သွေး ပေါင်းစပ်ထုတ်ဖော် ရေးဆွဲယှဉ်ပြိုင်ရသည့်  ပြိုင်ပွဲဖြစ်ပါတယ်” ဟု အ၊ ထ၊ က (၂) အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

သန်းသန်း (ရေဦး)