ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြိုင်ပွဲများ ဆောင်ရွက်

ပိုင်ကျုံ  စက်တင်ဘာ  

ကရင်ပြည်နယ် ၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ကာယ၊ ဉာဏ စွမ်းရည်တိုးတက်စေရန်အတွက် စက်တင်ဘာလ ၈ ရက်တွင် ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့သည်။

ရှေ့ဦးစွာ မြို့ဦးစီးမှူး ဒေါ်‌နော်ခူးခူးက ပြိုင်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်း စည်းကမ်းကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲတွင်လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား လူငယ်တို့ကို စိတ်ကြိုက်ပန်းချီးရေးဆွဲပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အင်္ဂလိပ် စာ ဉာဏ်စမ်းပြိုင်ပွဲ ဆောင်ရွက်ပေးခဲ့‌သည်။

အဆိုပါပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/လူငယ်များနှင့် ဆုရရှိသူများကို မြို့ဦးစီးမှူးက မုန့် ကျောင်းသုံးဗလာစာအုပ် ခဲတံနှင့် ဘောပင် ပေးအပ်ခဲ့ပြီး ပြိုင်ပွဲကို စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)