သတင်းများ

ကြံခင်းမြို့တွင် အခြေခံစားသောက်ကုန် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့်​ရောင်းချပေး
Sep 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အခြေခံလူတန်းစားပြည်သူများအား စားသုံးမှုအဆင်ပြေချောမွေ့စေရန် အခြေခံ စားသောက်ကုန်ဖြစ်သော စားအုန်းဆီကို စျေးနှုန်း သက်သာစွာဖြင့် ယနေ့ နံနက်(၈)နာရီအချိန်က ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးရှေ့၌ ရောင်းချပေးခဲ့သည်။
ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်နှစ် နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့
Sep 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာစီးပွားရေးတက္ကသိုလ်၌ လူငယ်သီတင်းပတ် စတုတ္ထနေ့ အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Sep 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် လူငယ်သီတင်းပတ် စတုတ္ထနေ့အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ အဆောင် (၇) ဘက်စုံခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ‌သီတာကြူ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးကြီးများနှင့် ပါမောက္ခများ၊ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ၊ တက်ရောက်ကြသည်။
မြောင်းမြမြို့တွင် ရိတ်သိမ်းခြွေလှေ့မောင်းနှင် ပြုပြင်ထိန်းသိမ်းနည်း (အ‌ခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Sep 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၄) အလတ်စား စက်ပြင်အလုပ်ရုံ၌ ရိတ်သိမ်းခြွေလှေ့မောင်းနှင် ပြုပြင်ထိန်းသိမ်းနည်း (အ‌ခြေခံ) သင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရွှေဘိုတက္ကသိုလ်တွင် ခရိုင်အဆင့် (၂၄)​ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်​ကျေးမှု အဆို၊ အက၊ အ​ရေး၊ အတီး ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ​
Sep 08,2023
နိုင်ငံတော်မှ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များမတိမ်ကော မပျောက်ပျက်စေရေးနှင့် ဆက်လက်ထိန်းသိမ်းနိုင်ရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများအား ကျင်းပ​ပေးလျက်ရှိရာ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး (ခရိုင်အဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆု​ပေးပွဲကို ယမန်​နေ့ ည​နေ ၃ နာရီချိန်က ​ရွှေဘိုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Sep 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့တွင် စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပသည်။
မြန်အောင်ခရိုင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲ အောင်ချက် မြင့်မားရေး ခရိုင်အဆင့် ဆွေးနွေးပွဲကျင်းပ
Sep 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲ အောင်ချက်မြင့်မားရေး ခရိုင်အဆင့်ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြန်အောင်မြို့နယ် ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ကျင်းပသည်။