မတ္တရာ စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် မူလတန်းကျောင်းများသို့ အဖွဲ့ငယ်များဖွဲ့ခွဲကာ စာသင်ခန်း များအတွင်း ခြင်ဆေးမှုတ်ခြင်း၊ ရေတွင်းရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်း ပေါက်ပွားနိုင်သည့် ရေအိုင်များ၊ မြောင်းများ၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ပိုးသတ်ဆေးဖြန်း ခြင်းလုပ်များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)