ရွှေဘို စက်တင်ဘာ ၈
နိုင်ငံတော်မှ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များမတိမ်ကော မပျောက်ပျက်စေရေးနှင့် ဆက်လက်ထိန်းသိမ်းနိုင်ရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများအား ကျင်းပပေးလျက်ရှိရာ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး (ခရိုင်အဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုပေးပွဲကို ယမန်နေ့ ညနေ ၃ နာရီချိန်က ရွှေဘိုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အဆိုတော် မနန်းစိုးခိုင်က ဆုရသီးချင်းများ သီဆိုကာ ဖွင့်လှစ်ပေးခဲ့ပြီး ရွေဘိုခရိုင်အတွင်း မြို့နယ်များအလိုက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည့် ခေတ်ဟောင်းကာလပေါ်တေးသီချင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးသီချင်း၊ အတီးပြိုင်ပွဲ၊ ဆိုင်း၊ တယော၊ ပတ္တလား၊ စန္ဒရား၊ မင်းသမီးအကတို့တွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုရပြိုင်ပွဲဝင်များအား ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များက ဆုများချီးမြှင့်ပေးခဲ့ပြီးအောင်စေပိုင်စေ သီချင်းသီဆိုကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ မျိုးမျိုးနှင့် ဒုပါမောက္ခချူပ်၊ ဆရာဆရာမများ၊ အမှတ်ပေးဒိုင်အဖွဲ့ဝင်များ၊ ဝါသနာရှင်များ ပြိုင်ပွဲဝင် အနုပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်