နမ္မတူမြို့နယ်တွင် ကျေးရွာမြေငှားဂရန်စာချုပ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Sep 09,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယင်းတို့၏ လိုလားချက်၊ လိုအပ်ချက်များကို အလေးထားဖြည့်ဆည်းဆောင်ရွက်ပေးရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ဟာလင်ကျေးရွာနေ ပြည်သူ ၁၆ ဦးအား ကျေးရွာမြေငှားဂရန်စာချုပ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။