ကြံခင်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အခြေခံလူတန်းစားပြည်သူများအား စားသုံးမှုအဆင်ပြေချောမွေ့စေရန် အခြေခံ စားသောက်ကုန်ဖြစ်သော စားအုန်းဆီကို စျေးနှုန်းသက်သာစွာဖြင့် ယနေ့ နံနက်(၈)နာရီအချိန်က ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးရှေ့၌ ရောင်းချပေးခဲ့သည်။
ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သော စားအုန်းဆီကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဥ်မှု ဖြင့် မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့က စားအုန်းဆီရည်ညွှန်း စျေးတစ်ပိဿာ (၄၅၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆီငါးဆယ်ကျပ်သားနှုန်းနှင့် စားအုန်းဆီ ပိဿာချိန် (၂၇၅) ပိဿာအား စားသုံးသူပြည်သူများ စနစ်တကျ ဝယ်ယူနိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများဖြင့် ပူးပေါင်းရောင်းချပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)