မြန်အောင်ခရိုင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲ အောင်ချက် မြင့်မားရေး ခရိုင်အဆင့် ဆွေးနွေးပွဲကျင်းပ

မြန်အောင် စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲ အောင်ချက်မြင့်မားရေး ခရိုင်အဆင့်ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြန်အောင်မြို့နယ် ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ကျင်းပသည်။

မြန်အောင်ခရိုင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲ အောင်ချက်မြင့်မားရေး ခရိုင်အဆင့် ဆွေးနွေးပွဲ အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ​ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြန်အောင် ခရိုင် ပညာရေးမှူး ဦးမြင့်အောင်က တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲခရိုင်အဆင့် အောင်ချက်မြင့်မားရေးနှင့် ပတ်သက်ပြီး စီစဥ် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို လမ်းညွှန်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ တာဝန်ခံမြို့နယ်ပညာ ရေးမှူးများ၊ အ.ထ.က၊ အ.ထ.က(ခွဲ) ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ကိုယ်ပိုင် အထက်တန်းကျောင်း/ဘာသာရပ် သင်ကျောင်းများမှ တာဝန်ခံများက မိမိတို့မြို့နယ်/ကျောင်းအလိုက် အောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။

မြန်အောင်(ပြန်/ဆက်)