ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်နှစ် နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့

ဇလွန် စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၃ -၂၀၂၄ ခု ၊ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လအတွက် ဇလွန်မြို့နယ်အတွင်းရှိ MCCT အစီအစဥ်တွင် အကျုံးဝင်သော အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင် မိခင် (၁၁၉၂) ဦး ၊ ကလေးသူငယ် (၂၂၅၂) ဦး စုစုပေါင်း (၃၄၄၄) ဦးအတွက် စုစုပေါင်းထောက်ပံ့ကြေးငွေကျပ်သိန်း (၁၄၈၀၀၅၀၀၀) အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြန်လည်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ

ဇလွန် (ပြန်/ဆက်)