(၅၅) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် အောင်ပွဲရ မြန်မာ့ကာယဗလ အားကစားအဖွဲ့အား ရန်ကုန်လေဆိပ်၌ ပြည်သူများ သောင်းသောင်းဖျဖျကြိုဆို
Sep 09,2023
နီပေါနိုင်ငံ ခတ္တမန္တူမြို့၌ စက်တင်ဘာ (၁) ရက်မှ (၇) ရက်အထိ ကျင်းပပြီးစီးခဲ့သည့် (၅၅) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ ဦးဆောင်၍ အုပ်ချုပ်သူတစ်ဦး ဒိုင်နှစ်ဦး နည်းပြနှစ်ဦးနှင့် အားကစားသမား (၁၀) ဦးပါဝင်သော အောင်ပွဲရ မြန်မာ့ကာယဗလ အားကစားအဖွဲ့သည် စက်တင်ဘာ (၈) ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှုး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှုး ဦးအောင်နိုင်ဆွေနှင့် တာဝန်ရှိသူများရန် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ အားကာ/သိပ္ပံ(ရန်ကုန်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ မိဘဆွေမျိုး မိတ်သင်္ဂဟများ ပြည်သူများက အိုးစည်ဒိုးပတ်အကများဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။