မုံရွာစီးပွားရေးတက္ကသိုလ်၌ လူငယ်သီတင်းပတ် စတုတ္ထနေ့ အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မုံရွာ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် လူငယ်သီတင်းပတ် စတုတ္ထနေ့အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ အဆောင် () ဘက်စုံခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးကြီးများနှင့် ပါမောက္ခများ၊ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ၊ တက်ရောက်ကြသည်။
ဦးစွာ မုံရွာစီးပွားရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများက ဆရာကြီး၊ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ကန်တော့ပစ္စည်းများအား အသီးသီးလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူက ဆုံမဩဝါဒစကားနှင့် ဆုပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် တတိယနှစ်ကျောင်းသားတစ်ဦးက နှုတ်ခွန်းဆက်စကားကိုလည်းကောင်း၊ စတုတ္ထနှစ်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက ရိုးရာအားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရကျောင်းသားကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ မုံရွာစီးပွားရေးတက္ကသိုလ် လူငယ်သီတင်းပတ် လှုပ်ရှားမှုများအား စက်တင် ဘာလ ရက်နေ့မှ ရက်နေ့အထိ ကျောင်းသားကျောင်းသူများအသိပညာဗဟုသုတဖလှယ်ဆွေး နွေးခြင်းများအပြင် ရိုးရာအားကစားပြိုင်ပွဲများ၊ လူငယ်နှင့် စာရိတ္တဆိုင်ရာဆွေးနွေးပွဲများနှင့် ကျန်းမာရေး၊စီးပွားရေး၊လူမှုရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲများ၊ ဥပုသ်သီလပွဲနှင့်တရားပွဲများ၊ ကျောင်းသားကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲများ၊ ကျောင်းသားကျောင်းသူများ၏ ပဒေသာကပွဲများနှင့် နှုတ်ဆက်ပွဲများတို့အပြင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာထည့်သွင်းကျင်းပ ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)