မြောင်းမြ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၄) အလတ်စား စက်ပြင်အလုပ်ရုံ၌ ရိတ်သိမ်းခြွေလှေ့မောင်းနှင် ပြုပြင်ထိန်းသိမ်းနည်း (အခြေခံ) သင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဆင်း အောင်လက်မှတ်များကို မြောင်းမြခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးမှ သင်တန်းသားများအား ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို ဩဂုတ်လ (၁၄) ရက်နေ့မှ စက်တင်ဘာလ (၈) ရက်နေ့အထိ (၂၆) ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား(၅၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)