မိုင်းငေါ့ စက်တက်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာမူလတန်းကျောင်း၊ အ.မ.က(တာလုံ)တွင်” လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)အချိန်က အဆိုပါကျောင်းခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က လူငယ်လူရွယ်များ အသိပညာဗဟုသုတ၊ အတွေ့အကြုံနှင့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းအားများ အချိန်နှင့်အမျှတိုးတက်ရေး စာကောင်းပေမွန်များ ရွေးချယ်ဖတ်မှတ်ကြရန်လိုအပ်ကြောင်း၊ စာဖတ်ခြင်းဟာ ကိုယ်ပိုင်လေ့လာသင်ယူခြင်း၊ ဘဝကိုလည်းရှင်သန်စေခြင်း၊ အသိပညာတွေလည်း တိုးတက်စေသည့်အပြင် တွေးတောဆင်ခြင်စရာတွေကိုလည်း စာဖတ်ခြင်းကနေရရှိလာတာဖြစ်ကြောင်း၊ လူငယ်တွေအနေနဲ့အောင်မြင်ချင်ရင် စာများများဖတ်ကြရန်ဖို့လိုအပ်ကြောင်း စသည်ဖြစ် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)