နတ်မောက် စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ စားသုံးဆီများ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့မဈေးကြီးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များအား လိုက်လံကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့မဈေးကြီးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာနှင့် စည်ပင်သာယာရေးကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများက နှမ်းဆီ၊ မြေပဲဆီ၊ စားအုန်းဆီ ရောင်းချနေသည့်ဈေးဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် ကုန်စုံဆိုင်များ ဈေးရောင်းချနေမှုအခြေအနေများကို လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လှဝင်း