တောင်ဥက္ကလာပ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ(၄)ပေါက်တန်း၊ ရိုးရာခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၈)နာရီအချိန်ကစ၍ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားခန်းမ၌ စတုတ္ထမြောက်နေ့ ဆက်လက်ကျင်းပကြောင်းသိရသည်။
အဆိုပါရိုးရာခြင်းလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း(၃၄)မြို့နယ် ယှဉ်ပြိုင်ကစားကြပြီး စက်တင်ဘာလ(၅)ရက်နေ့မှ(၉)ရက်နေ့ထိ နံနက်(၈)နာရီမှ ညနေ(၃း၃၀)နာရီအထိ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားခန်းမတွင် မြို့နယ်အသင်းအလိုက် ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရှိရသည်။
ထို့နောက် မြို့နယ်ပေါင်းစုံပါဝင်ယှဉ်ပြိုင်မှုကို မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် အကဲဖြတ်ဒိုင်လူကြီးများ၊ နည်းပြများနှင့် အားကစားသမားများ၊ ရိုးရာခြင်းလုံးဝါဿနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
သီတာအေး(ပြန်/ဆက်)