တပ်ကုန်း စက်တင်ဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးနေကြာသီးနှံများကို ၁၅၅၀ဧက လျာထားစိုက်ပျိုးပြီး၊ နေကြာသီးနှံ ၈၅၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းအရ သိရသည်။
တပ်ကုန်းမြို့နယ် တောင်သူများအနေဖြင့် မိုးနေကြာသီးနှံများစိုက်ရာတွင် ဆည်ရေသောက်၊ မိုးကောင်းသောက်စနစ်များဖြင့် မြေအစိုဓာတ်ရယူ၍ ပက်ကျဲစိုက်ပျိုးခြင်း၊ အတန်းချစိုက်ပျိုးခြင်းနည်းများဖြင့် စိုက်ပျိုးကြပြီး၊ သီးနှံများအောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများနှင့်ပူးပေါင်းပြီး၊ စိုက်ပျိုးနည်းပညာများ စနစ်တကျကူညီပေးလျက်ရှိကြောင်း၊ နေကြာတစ်ဧကစိုက်ပျိုးလျှင် မြေအမျိုးအစားနှင့် ရာသီဥတုအပေါ်မူတည်ပြီး၊ တစ်ဧက ၁၅ တင်း မှ ၂၅ တင်းကျော်ထွက်ရှိကြောင်း မိုးနေကြာစိုက်တောင်သူများထံမှ သိရသည်။
တင်စိုးလွင်