ကျောက်မဲ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့မှစ၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်(၁)နှစ်ခွဲအောက်ကလေးများကို ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ဝက်သက်၊ ဂျိုက်သိုးစသည့် ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်မှ ကလေးငယ်များအား ရပ်ကွက်အလိုက်ခွဲ၍ ၃ ရက်တာ ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ကျောက်မဲမြို့ပေါ်တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ် ၄၀၀ ဦးခန့်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)