ဆီဆိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ပထမနှစ် သင်တန်းတက်ရောက်ရန်အတွက် ဝင်ခွင့်စာမေးပွဲ

ဆီဆိုင် စက်တင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ပထမနှစ် သင်တန်းတက်ရောက်ရန်အတွက် ဝင်ခွင့်ရေးဖြေစာမေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖြေဆိုလျက်ရှိသည်။

အဆိုပါ ဝင်ခွင့်ရေးဖြေစာမေးပွဲတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းတက်ရောက်ခွင့်ရရှိရန် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်  (ရန်ကုန်၊ စစ်ကိုင်း) ပထမနှစ် သင်တန်းတက်ရောက်ခွင့်ရရှိရန် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၄) ဦးရှိပြီး ထိုသို့ဖြေဆိုနေမှုကို မြို့နယ်ဝင်ခွင့် စာမေးပွဲကျင်းပရေးကြီးကြပ်မှုကော်မတီမှ စောင့်ကြည့် ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ (၅) နှစ်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းတက်ရောက်ရန်အတွက် ဝင်ခွင့်စာမေးပွဲကို နံနက် ၉ နာရီတွင် မြန်မာစာ မွန်းလွဲ ၁ နာရီတွင် အင်္ဂလိပ်စာ ဖြေဆိုရမည်ဖြစ်ပြီး  ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်  (ရန်ကုန်၊ စစ်ကိုင်း) ပထမနှစ်သင်တန်းတက်ရောက်အတွက် ဝင်ခွင့်စာမေးပွဲကို နံနက် ၉ နာရီတွင် သင်္ချာ မွန်းလွဲ ၁ နာရီတွင် အင်္ဂလိပ်စာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)