သာကေတ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများမှစားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဥ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်၌ (၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် စားအုန်းဆီ ၁ ပီပါအား ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေရောင်းချပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ စားသုံးဆီရောင်းချရာ၌ ပြည်သူများသက်သာချောင်ချိစေရန်နှင့် သက်သာသောနှုန်းထားဖြင့် စားသုံးဆီများ ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ (၁၀)ရပ်ကွက်ရှိအိမ်ထောင်စု(၁၁၀)စုအတွက် တစ်အိမ်ထောင်လျှင်(၁)ပိဿာ၊ စျေးနှုန်း ၄၃၆၀/ -(လေးထောင်သုံးရာခြောက်ဆယ်ကျပ်)ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်သူများ၏ လက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)