ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပိုင်ကျုံ စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာအကြောင်း သိကောင်းစရာများကို ကျောင်းသား လူငယ်များ အသိပညာဗဟုသုတ ပိုမို ရရှိစေရန်အတွက်  မန်နေ့က နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာ‌ပေး ဟောပြောပွဲ ဆောင် ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်းချက်(၃)ချက်၊ ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေး အလုပ် သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောပြီး ပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသားလူငယ်များက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များနှင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေးအတွက် အသိပညာ ပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင် ပြပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြိုင်ပွဲများနှင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ လစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

နော်ခူး(ပြန်/ဆက်)