ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များထပ်ဆင့်ရှင်းလင်း

 တောင်ကြီး စက်တင်ဘာ ၁၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်က အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မှာကြားချက်များအား ပြည်နယ်အတွင်းရှိ တရားရေးအရာရှိများသိရှိနိုင်ရေးအတွက် ထပ်ဆင့်ရှင်းလင်းရခြင်းဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ လမ်းညွှန်မှာကြားချက်များအား တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအထက်အောက် အပြန်အလှန်လေးစားမှု ရှိရန်လိုကြောင်းနှင့် အများပြည်သူယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်း အောင်မြင်စေရန် အားလုံးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့် ပြည်နယ်တရားရေး ဦးစီးမှူးတို့က (၂၅)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားသည့် တရားစီရင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေး ဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများတက်ရောက်ခဲ့ကြပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံး များမှတရားသူကြီးများ၊ တရားရေးအရာရှိများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ ကြောင်းသိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)