ခန္တီး စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အမှတ်-၄ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကိုအဆိုပါကျောင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်-၄အခြေခံပညာအထက် တန်း(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးရိုဗင်ဇော်ရာ အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ကျောင်းသား လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ စိတ်ကူး ဉာဏ်များ ရင့်သန်စေရန်နှင့် ပြောရဲဆိုရဲသည့် သတ္တိများရှိစေရန်ရည်ရွယ်၍ ဟောပြောများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းရှင်း လင်းပြောကြားခဲ့သည်။
ယင်းနောက်ဒေါ်တင်မာဦး(ရုပ်သံကျွမ်းကျင်-၃) အလိမ္မာစာမှာရှိခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းနုက သဘာဝေဘးကြိုတင်ကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ခရိုင်ပြန်/ဆက်ဦးစီးမှူးက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့တက်ရောက်လာသော ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာတွင် ဆွေးနွေးဟောပြောသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များနှင့် အခြားစိတ်ဝင်စားမည့်စာအုပ်များလည်း ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
အေးခိုင်(ပြန်/ဆက်)