ငပုတော စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေပိုင်းက “အသေးအဖွဲတွေနဲ့ စိတ်မညစ် ပါနဲ့” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုရီက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဒေါ်သန်သန်းနုက စာအုပ်တွင် ပါဝင်သော “အသေးအဖွဲလေးတွေကို စိတ်မညစ်နေပါနဲ့”၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်သီတာက “အမှားကင်းပြီး ပြီးပြည့်စုံမှုဖြစ်ဖို့” ပြောကြားပြီး မနှင်းအိဖြူက “သူများစကားပြောနေရင် ကြားဝင်ဖြတ်မပြော ပါနဲ့”၊ “မိမိကူညီတဲ့အကြောင်း တခြားသူတွေကို မပြောပါနဲ့လား”၊ “ဝေဖန်တာကို လက်ခံပေးရင် ကောင်းတယ်” အစရှိသည့် ခေါင်းစဥ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)