ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၂၀၂၅ ခုနှစ်၊ နွေရာသီလူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ဖွင့်ပွဲတက်ရောက်
Mar 12,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် နွေရာသီလူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမရှေ့၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။