သတင်းများ

တောင်ကြီးမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ရက်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင်းရှောက်မှုများ ဆောင်ရွက်ပေး
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်းများကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့တွင် သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ စုဖွဲ့ထားရှိမှုနှင့်ကယ်ဆယ်ရေးပစ္စည်းများ စုစည်းထားရှိမှု အခြေအနေအား စစ်ဆေးဆောင်ရွက်
Jul 23,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ စုဖွဲ့ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ စုစည်းထားရှိမှုအခြေအနေအား စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
မိတ္ထီလာခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ (ပထမအကြိမ်) ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 23,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ (ပထမအကြိမ်) ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိစေတီတော် ပညာဓိတန်ဆောင်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ဆောင်ရွက်ပေး
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ပေးရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ယနေ့နံနက်ပိုင်းက (UID) Unique Identity ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့သည့် မိသားစုအား ပြောင်းရွှေ့စရိတ်ပေးအပ်
Jul 23,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်တစ်လုံးမှ မိသားစုအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြောင်းရွှေ့စရိတ်နှင့်ဆန်ရိက္ခာဖိုး သွားရောက်‌ပေးအပ်ခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်တွင် စားအုန်းဆီ ရောင်းချပေး
Jul 23,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပြည်သူများသက်သာသော နှုန်းထားများဖြင့် စားအုန်းဆီများ ဝယ်ယူသုံးစွဲနိုင်ရေး အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်စာအုပ်တစ်အုပ်စီ ပြုလုပ်ပေးပြီး ရပ်ကွက်/ကျေးရွာများအလိုက် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာနှင့် အင်းကုန်းကျေးရွာမှ အိမ်ထောင်စုများအား စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် (၄၄၀) ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၁)နာရီက ပုစွန်ချောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီမှ နိုင်ငံစီးပွားနွေစပါးဆောင်ရွက်သည့် ဝယ်ကြိတ်ကုမ္ပဏီ တာဝန်ရှိသူများနှင့်တွေ့ဆုံ
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီမှ နိုင်ငံစီးပွားနွေစပါးဆောင်ရွက်သည့် ဝယ်ကြိတ်ကုမ္ပဏီတာဝန်ရှိသူများနှင့်တွေ့ဆုံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။