သတင်းများ

ကျိုင်းလပ်မြို့၌ လယ်ယာမြေဥပဒေများအကြောင်းနှင့် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 24,2025
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ ပူကာကျေးရွာ၌ လယ်ယာမြေဥပဒေများအကြောင်းနှင့် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီမှ ၃ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြို့နယ်ပေါင်းစုံမြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲတက်ရောက်၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် သဘာဝဘေးကူညီကယ်ဆယ်ရေး စုဖွဲ့ပြင်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေး
Jul 24,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
မြင်းခြံမြို့၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှိုက်လံနှိုးဆော်
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှိုက်လံနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ အငြိမ်းစားပင်စင်စားများအား UID(ခေါ်) Smart Card အား အခမဲ့ပြုလုပ်ပေး
Jul 24,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့ပေါ်အသီးသီးမှ အငြိမ်းစားပင်စင်စားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက UID (ခေါ်) Smard Card အား ယနေ့နံနက်(၉)နာရီက မြန်မာ့စီးပွားဘဏ်အနီး ရွှေဘုံသာဘုရားကြီးအတွင်း ဆက်လက်ပြုလုပ်ပေးလျက်ရှိသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ နေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်
Jul 24,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ နေရပ်စွန့်ခွာပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက  လိင်းဗွာလဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်များခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပစေရေးအမှိုက်များစနစ်တကျစွန့်ပစ်ကြရန် အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်သတ်မှတ်၍ခွဲခြားစွန့်ပစ်ခြင်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
ကလောမြို့နယ်၊ နန်းပန်တက်‌ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Jul 24,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ နန်းပန်တက်‌‌ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဝက်ဖြူရေကျေးရွာအုပ်စု၊ နန်းပန်တက်ကျေးရွာဘုန်း‌တော်ကြီးကျောင်း၌ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း  ဆင့်ပွားသင်တန်းပို့ချနေမှုအား လာရောက်ကြည့်ရှု
Jul 24,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆင့်ပွားသင်တန်းကို ကျွန်းသာယာခန်းမ၌ ဖွင့်လှစ်လျက်ရှိရာ ဇူလိုင် ၂၂ ရက် နံနက်(၁၀)နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။